WE KNOW WHAT YOU NEED - WE KNOW WHAT THE WORLD NEEDS
ဌာနသမိုင်း ( History )
ခွဲစိတ်ကုပညာဌာန ကို ၂၀၀၀၃ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပါသည်။ ပါမောက္ခ ဒေါက်တာ ဦးသစ်လွင် မှ ပါမောက္ခ/ဌာနမှူး အဖြစ် စတင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ် တွင် တတိယနှစ် သင်တန်း တစ်တန်းသာရှိပြီး ၂၀၀၄ ခုနှစ် တွင် Final Part I ၊ ၂၀၀၅ ခုနှစ် တွင် Final Part II သင်တန်း တိုးချဲ့ ဖွင့်လှစ်ခဲ့ပြီးပထမဦးဆုံးသော နောက်ဆုံးနှစ် အပိုင်း (ခ) အတန်းတင် စာမေးပွဲ ကို ၂၀၀၆ ခုနှစ် မတ်လ နှင့် ဧပြီလ များတွင် စတင် ကျင်းပနိုင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် တွင် ပါမောက္ခ ဒေါက်တာ ဦးသစ်လွင် မန္တလေး ဆေးတက္ကသိုလ် သို့ ပြောင်းရွှေ့သွားပြီး ပါမောက္ခ ဒေါက်တာ ဦးတင်လတ် မှ ပါမောက္ခ/ဌာနမှူး အဖြစ် ဆက်လက်တာ၀န်ယူဆောင်ရွက်ခဲ့ ပါသည်။ ၂၀၀၉ ခုနှစ် တွင် ပါမောက္ခ ဒေါက်တာ ဦးတင်လတ် ပြောင်းရွှေ့ ပြီး ပါမောက္ခ ဒေါက်တာ ဦးအေးမွန် မှ ဆက်လက်တာ၀န်ယူဆောင်ရွက်ခဲ့ပါသည်။ ၎င်းနောက် ၂၀၁၆ ဧပြီလ တွင် ပါမောက္ခ ဒေါက်တာ မိုးမိုးတင်၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင် ပါမောက္ခ ဒေါက်တာ ဦးမိုးမြင့် တို့ မှ အဆင့်ဆင့်ပြောင်းတာ၀န်ယူဆောင်ရွက်ခဲ့ပါသည်။